10/27/2008

လွမ်းနာကျတာလားတော့ မသိဘူး

အေးခဲနေကျ ဒီရာသီက
င့ါအတွက်တော့ လွမ်းနာကျ
အဝေးထွက်သွားတဲ့ ငါ့ရည်းစား
ဒီအချိန်တွေဆို သတိရပါ့မလား
ပြီးတော့ ပြီးတော့
နွေးနွေးထွေးထွေးကော
နေရရဲလားလို့
ပြောဖို့ဘဲရှိတာပါ
သူကတော့ ဘယ်လိုနေလဲ
မမြင်ရတော့ ငါမှာတော့
လွမ်းနာကျရပြန်ပြီပေါ့
မှားခဲ့ပြီလား စိတ်မှာထွေပြား
အာရုံစားနေလည်း
ရင်မှာအမြဲ မင်းတစ်ယောက်ဘဲ
ရှိနေဆဲပါ။
ရာသီတွေပြောင်း နှစ်တွေဟောင်ဲး လည်း
မင်းအတွက်အမြဲ
နေရာချန်ထားဆဲ ဆိုတာ
အဝေးမြေက ချစ်အညာမ
သိစေပါ့ ။

10/22/2008

မပေးဖြစ်လိုက်တဲ့ လက်ဆောင်မွန်


မင်းအတွက်ဆို ငါအသက်တောင်စတေးခံနိုင်ပါတယ်- ဒါပေမယ့် ဒို့တွေက အခုကစပြီး ဝေးနေရတော့မှာလား
ပြီးတော့ မင်းကြောင့် ငါ့ မျှော်လင့်ချက်တွေ မယိုင်လဲပါရစေနဲ့ကွာ။
ပေးချင်လွန်းတဲ့ လက်ဆောင်တစ်ခုကို ငါ ပေးဖို့ ခွန်အားတောင် မရှိတော့ပါဘူး
ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ ငါ မျှော်လင့်ခဲ့တာပါ။
စိတ်ကူးအိမ်မက်လှလှလေးတွေလည်း ချိုလို့ပေါ့-
အခုတော့ သူများတွေပြောသလို ပန်းပေးရင် အလှမ်းဝေးတယ်ဆိုတာ ငါ ယုံရတော့မှာလား ချစ်သူရယ် ။
သူများရဲ့ ရင်ခွင်ထဲမှာ ခိုဝင်သွားတော့မယ့် မင်းကို ငါ မမုန်းရက်ပါဘူး
ငါ ကိုယ့်ငါဘဲ အပြစ်တင်နေမိတယ် ချစ်သူအပေါ်မှာ ငါတာဝန်မကျေခဲ့လို့လေ။
ပြီးတော့ ချစ်သူကို ပျော်ရွှင်အောင်လည်း မထားနိုင်ခဲ့ဘူး
အမှန်တော့ ငါမင်းကို ဒီဘ၀ထဲကို ခေါ်မလာသင့်ဘူး
အခုတော့ မင်းရောကိုယ်ပါ ဝေဒနာတွေကိုယ်စီနဲ့ပေါ့
မပေးရက်ခဲ့တဲ့ လက်ဆောင်ကို

မင်းအတွက် ဒီတစ်ခါတော့ မင်းတို့ရဲ့ မင်္ဂလာလက်ဖွဲ့အဖြစ် မဟုတ်ဘူး နောက်ဆုံးလက်ဆောင် အဖြစ် လက်ခံနိုင်ပါစေလို့ ဆုတောင်းရင်း


တစ်ချိန်က မင်းရဲ့

ရင်ခွင်ဟောင်း


10/21/2008

အလွမ်းရင့် ဒဏ်ရာ

လွမ်း လွမ်းနေတယ်ဆိုရင်
မင်း ယုံပါ့မလား
တမ်း တမ်း တတက်နေတယ်ဆိုရင်ကော
မင်း မြင်နိုင်ပါ့မလား
ပြီးတော့
တစ်ခါတစ်လေ မင်းကို လွမ်းရလွန်းလို့
လူတောင် နွမ်းနွမ်းသွားတယ်ဆိုရင်ကော
မင်း သနားပါ့မလား
အရမ်း အရမ်းဘဲ
ဝေးနေကြလို့ မင်း
ရင်ထဲမှာ ငါ့အတွက်
နေရာထိုင်ခင်းကော ရှိသေးရဲ့လား
နှလုံးသားရဲ့ထောင့်တစ်နေရာမှာ
မင်းပေးသွားတဲ့ ဒဏ်ရာတွေကို
ခရေပန်းနဲ့ ပေါက်ခဲ့တယ်လို့
ထင်ထားတုံးပါ
ဒါပေမယ့် ငါပျော်နေဆဲပါ
တစ်နေ့တစ်ချိန်
နာရီတွေနဲ့အမျှ စက္ကန့် မခြား
အလွမ်းတွေ ရင်မှာပိုက်လို့
တမ်း တမ်း တ နေတုံးပေါ့
ဒါတွေအားလုံး ချစ်သူ မင်းတစ်ယောက် သိကြားပါစေ

10/13/2008

အောက်တိုဘာလ (၁၄)

သီတင်းကျွတ်တဲ့
တစ်နှစ်ပြီးရင် တစ်နှစ်
တစ်လပြီးရင် တစ်လ
တစ်ရက်ပြီးတော့ တစ်ရက်
ထူးခြားတဲ့ နေ့ထူးနေ့မြတ်ကို
ရောက်ခဲ့ပြန်တော့လည်း
လွမ်းလို့သာ နေနေဆဲ
ဝေးကွာနေသူများအဖို့တော့
မိဘကို လွမ်းသူရယ်နှင့်
ချစ်သူကို တမ်းတမိသူရယ်နဲ့ပေါ့

10/09/2008

လွမ်းသူမျှော်စင်

ချစ်ကြီးသူမျှော် လွမ်းညှိုးရော်သည်
လွမ်းတော်မူစေ.......

မိန့်မြွက်နေသို့ ကြင်ဆွေညှို့ရှာ
လွမ်းဒဏ်ရာကို နေသာဖြေသိမ့်
သက်သာလိမ့်..ဟု

လူးလိမ့်ခံစား ရောဂါများကို
ထွဋ်ဖျားလှရှင်
ကုစေချင်လို့
ဆွတ်ကြင်တမ်းတ မျှော်ပါရစေ…..

နန်းထိုက်တော်ဝင်
ပန်းသဇင်မို့ အစဉ်မွှေးပျံ့
ဝင့်ထည်ခံ့ငြား ရနံ့ထုံသင်း
လှယမင်းရယ်
ရင်တွင်းနွေ ဖြေသိမ့်ပါလှည့်……….။ ။

10/08/2008

အွန်းလိုင်း သူငယ်ချင်း

chatပေါ်မှာခင်
လမ်းတွေ့ရင်တောင်
မခေါ်ရဲ့တဲ့အဆင့်ပါ
လာနှုတ်ဆက်တာတောင် ပြောရဖို့ရာ ခက်ခဲနေခဲ့တာပါ
နားလည်သူမို့ တော်သေးရဲ့
ဆိုးလွန်းလို့ မဟုတ်ဘူး
ကိုယ့်ဘ၀ကို ရင်နာလို့ပြောရမှာလည်း
ရှက်တယ်
ပြီးတော့
ဝါးတားတား မျက်နှာပြင်မှာ ခင်ခွင့်ရရုံနဲ့
ကြေကွဲရမယ့်အဖြစ်နဲ့ မကြုံဆုံချင်လို့ဆိုတာ
်fri သိရင် တော်ပါပြီ--------------။
ဒါပေမယ့် တစ်ခါတစ်ခါတော့ သတိရချင်မိတဲ့
စိတ်ဓာတ်ကို နောင် ပြင်ဆင်ထားမှာပါ ---------
ခဏတာ တွေ့


လိပ်ပြာလေး

ပြေးထွက်သွားတဲ့ ငါ့လိပ်ပြာ
ဘယ်ဆီလို့တောင် ပြောမသွားခဲ့
ငါ့အဖြစ်က ဆိုးပါဘိ
ပန်းကလေးတွေကို မြတ်နိုးတယ်ဆို
အခုတော့ ငါ့ပန်းကလေးတွေလည်း
နွမ်းလျလို့ပေါ့
ပြီးတော့ ပြီးတော့
ရင်းထားတဲ့ ငါ့နှလုံးသားကို
နှုတ်ယူသွားလေရဲ့
ရက်စက်လိုက်တဲ့
လိပ်ပြားလေးရယ်
တစ်ချိန်ချိန်တော့
မင်းပြန်လှည့်လာပါစေလို့

10/02/2008

ညညတွေဆို ငါလေ အသက်ရှုရပ်နေဆဲပေါ့ မင်း ငါနဲ့ပတ်သက်သမျှ ကို အတိက်မှာထားပြီး နေခဲ့ချင်ပါတယ်
ဒါပေမယ့်လေ ဒို့က

beauti girl