10/09/2008

လွမ်းသူမျှော်စင်

ချစ်ကြီးသူမျှော် လွမ်းညှိုးရော်သည်
လွမ်းတော်မူစေ.......

မိန့်မြွက်နေသို့ ကြင်ဆွေညှို့ရှာ
လွမ်းဒဏ်ရာကို နေသာဖြေသိမ့်
သက်သာလိမ့်..ဟု

လူးလိမ့်ခံစား ရောဂါများကို
ထွဋ်ဖျားလှရှင်
ကုစေချင်လို့
ဆွတ်ကြင်တမ်းတ မျှော်ပါရစေ…..

နန်းထိုက်တော်ဝင်
ပန်းသဇင်မို့ အစဉ်မွှေးပျံ့
ဝင့်ထည်ခံ့ငြား ရနံ့ထုံသင်း
လှယမင်းရယ်
ရင်တွင်းနွေ ဖြေသိမ့်ပါလှည့်……….။ ။

0 comments:

beauti girl