11/26/2008

ယုံကြည်ချက်၏ -----အရှုံး

ဇာတ်လမ်းအဆုံးမှာ
ရှုံးနိမ့်မယ်မှန်း သိလျက်
ဘာကြောင့်များ
အပြုံးမပျက် ကနေမိခဲ့တာလဲ
ပြောပြခဲ့တဲ့ မင်းပုံပြင်တွေ
အလိမ်အညာတွေမှန်း မရိမ်မိနိုင်လောက်အောက်
အကြွင်းမဲ့ ယုံကြည်ခဲ့တဲ့
ငါ --- ကိုယ်တိုင်ဘဲ ညံ့ဖျင်းနေတာလား
တစ်ဘ၀လုံး မမုန်းချင်သူမို့
အပြစ်မမြင် အချစ်ဥာဉ်ဆိုးတွေနဲ့
အရှုံးပေးခဲ့ပေ့မယ့်
အမြဲတမ်းအတွက် သည်းခံ
မြတ်နိုးစွာ ချစ်ခဲ့တဲ့
ဒီရင်ခွင်ရဲ့ တန်ဖိုးကို
တကယ်ကို နားမလည်ခဲ့ရင်
မင်း --- စိတ်ကြိုက်သာ ဆုံးဖြတ်ပါ---

11/23/2008

ချစ်ပန်း

အချစ်ဆိုတာ ပန်းလား
နှင်းဆီဆိုရင်တော့
ဆူးမစူးမိစေဖို့
သတိတော့ ထားရမှာပေါ့ကွယ်

ပြောတက်လိုက်တာ

မရှိမဲ့ ရှိမဲ့ ဗဟုသုတ
စကားလုံး အနုအရွနဲ့
မတောက်တခေါက် ကာရံတွေရှာကြံ
ခံစားချက်တွေ အလေးအနက်
ချွေးထွက်လောက်တဲ့အထိ
ပင်ပင်ပန်းပန်း ရေးစပ်ထားတဲ့ကဗျာ
သူ့ကို ပေးဖတ်မိတရ် ။
အပီအပြင် ခံစားထားတဲ့ ဖီလင်ကို
ရယ်(ရီ)ချင်သလား မသိ
ပြုံးစိစိလုပ်ပြီး တုံးတိကြီး ပြောချလိုက်တရ်

ဘာတွေမှန်းလဲ မသိဘူး

မိုးသောက်တေး

ပင်လုံးမှည့်နေတဲ့
သစ်လုံးတင် ထရပ်ကားပေါ်မှာ
နွေကို တယောထိုးကြည့်တဲ့အခါ
ရိုးတိုးရိပ်တိတ် သံစဉ်တွေနဲ့
ပင်လယ်နဲ့ အပြည့်ရ
ညက ဂစ်တာမတီးမိဘူး
တဟူးဟူး တိုက်ခတ်လာတဲ့
အလွမ်းတွေ ကြိုးရှုပ်လှချည်ရဲ့ -

အေးအေးလူလူ နေတက်တဲ့
ယပ်တောင်လေးခမျာ
နေပူတုန်း အထည်လှမ်းမိလို့
စမ်းချောင်းလေးလို ခြောက်သွေ့သွားရတဲ့
သူ့နံရံမှာ
ယာခင်းမဆန်ဘဲ
သူ့ကိုယ်သူ ပြန်ရိတ်ရတဲ့ တေးသံက
အရက်ပျံသည် သောက်ရန်မဟုတ်တဲ့

အလွမ်းခေါ်သံ

ထားရစ်ခဲ့လား
သူထွက်သွားတော့
နော့ မနေနိုင်
ကျောခိုင်းသဲညှာ ဟာခနဲဖြစ်
အချစ်အကြောင်း
ငါ ကောင်းကောင်းသိခဲ့ပြီ
ရှိသည့်အရှက် မငဲ့ကွက်တမ်း
ဝန်ခံစတမ်းဆို
အချစ်ရယ် လွမ်းတာပေါ့ကွယ်---်

11/13/2008

အချစ်စစ်

အကြင်နာစစ် ရင်မှာချစ်ဆဲ
အဖြေရှာခက် ရင်မှာဝှက်ထားတဲ့
အသဲပန်းတစ်ပွင့်
ပန်ဆင်သူရည်စူး
ရင်မှာချစ်ဖူး၏ ။

ပျော်ရွင်ကြည်နူး
တစ်ခါတစ်ခါ တကယ်ကို
ချစ်ခဲ့ကြဖူးတယ်

11/12/2008

မိုးရွာတဲ့နေ့

လွယ်လွယ်ချစ် လွယ်လွယ်ပစ်
အနှစ်မပါတဲ့ အချစ်ပညာနဲ့
ဖြစ်ချင်ရာဖြစ်ဆိုပြီး
ညာယူသွားတဲ့
ယုံလွယ်သူရဲ့ နှလုံးသား
တကယ့် တကယ်ဆို
ရိုးသားသလိုလို
မိန်းမမာယာ သဲကိုးဖြာနဲ့
အစိုးမရတဲ့ မိုးရွာတဲ့တနေ့မှာပေါ့

11/11/2008

ဒို့တွေက
သူချစ်ကိုချစ်တွေဆိုတော့
တစ်ယောက်ကို တစ်ယောက်
ပစ်စလက်ခတ်ဖြစ်မှာစိုးတယ်

11/07/2008

သုံးရာသီလွမ်းချင်း

လွမ်းတေးမဆို ဒီနွေချိုနဲ့
တောင်ပြာတန်းရဲ့ ငိုသံ
ညနေဆည်းဆာရဲ့ အလှ
ဘာမှမဆိုင်ပေမယ့်
မင်းအလှနဲ့တော့ ငါ မနှိုင်းခဲ့ပါဘူး
ဒါပေမယ့်
တစ်စုံတစ်ရာကို ငါလွမ်းမိတယ် ။

ပြီးတော့ ဒီမိုး
မိုးရေတွေကြား ငါ့အနမ်းတွေက
ပိုင်ရှင်မဲ့လျက်ပေါ့
ညိုမည်းမည်း ကောင်းကင်ကြီးလည်း
ညည်းတွားနေတုန်းပဲလေ
ဒါပေမယ့်
တစ်ယောက်ယောက်ကြောင့်
ငါ့မျက်နှာ ငြိုးငယ်နေဆဲ ။

ဆောင်းဆိုပေမယ့် ပြိုလာတော့မလိုနဲ့
ညိုညိုလာတဲ့ ကိုရွှေမိုးက
လောကကြီးကို အန်တုလို့ပေါ့
ဒီလိုဘဲ
မနက်နက်တွေမှာ အေးအေးလာတယ်
ဒါပေမယ့်
ငါ့ရင်ထဲမှာတော့ မင်းအတွက်ဆိုရင်
နွေးနေဆဲပါ။

11/03/2008

ဝေးလေ လွမ်းလေ

လွမ်းဆွတ်တမ်းတ
ဝေးသွားတော့မှ သတိရ၏

တစ်ခါတစ်ခါ ရင်မှာကျန်တဲ့
စူးနင့်ဝင်ထား အချစ်မြားကို
ငါဘယ်လိုမှ မေ့ပျောက်ရနိုင်မှာလဲ

အဝေးမြေမှာ အတွေးသာ တွေးနေပေမယ့်
ဆွေးရတော့မယ်လို့တောင်
ထင်နေမိတယ်ကွယ်

မိန်းခလေး
မင်းကြောင့်ငါ ဆွေးရမှာတော့
စိုးရွံ့မိတယ်

အတွေးမှာတောင် ဝေးရမှာကို
တွေးကြောက်လို့သာ
ဝေးဝေးက ရှောင်နေခဲ့တာပါ
မင်းကို အလိုလိုက်ရင်းနဲ့ပေါ့

ရေမြေတွေခြား တောင်တွေတားတားနေလဲ
ငါတို့တွေက နှလုံးသားချင်းတော့
ရင်းနှီးနေဆဲပါ

ဝေးနေကြပေမယ့်
တွေ့ခဲ့ကျတဲ့ ရက်တွေကိုတော့
ငါ့ရင်ထဲမှာ သံမှိုသဖွယ် ရှိနေဆဲပါ

ဒါပေမယ့်ဟာ
ဝေးလေ လွမ်းလေပါချစ်သူရယ်

beauti girl