10/27/2008

လွမ်းနာကျတာလားတော့ မသိဘူး

အေးခဲနေကျ ဒီရာသီက
င့ါအတွက်တော့ လွမ်းနာကျ
အဝေးထွက်သွားတဲ့ ငါ့ရည်းစား
ဒီအချိန်တွေဆို သတိရပါ့မလား
ပြီးတော့ ပြီးတော့
နွေးနွေးထွေးထွေးကော
နေရရဲလားလို့
ပြောဖို့ဘဲရှိတာပါ
သူကတော့ ဘယ်လိုနေလဲ
မမြင်ရတော့ ငါမှာတော့
လွမ်းနာကျရပြန်ပြီပေါ့
မှားခဲ့ပြီလား စိတ်မှာထွေပြား
အာရုံစားနေလည်း
ရင်မှာအမြဲ မင်းတစ်ယောက်ဘဲ
ရှိနေဆဲပါ။
ရာသီတွေပြောင်း နှစ်တွေဟောင်ဲး လည်း
မင်းအတွက်အမြဲ
နေရာချန်ထားဆဲ ဆိုတာ
အဝေးမြေက ချစ်အညာမ
သိစေပါ့ ။

1 comments:

Anonymous said...

တစ်ချိန်ကျရင်တော့ သိလာမှာပါဗျာ
အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်
ကဗျာလေး ကောင်းတယ်ဗျာ

beauti girl