3/25/2009

မင်းနဲ့ကျမှ

အတွေးကြားမှာ
ဝေး သွားမလား ဆိုတာ
မင်းနဲ့ကျမှ
မနှောင့်ယှက်စေခဲ့ ။

အသက်နဲ့ရင်း
ချစ်ခြင်းတွေ ပြင်းခဲ့လည်း
သံယောဇဉ်တွေ
မင်းနဲ့ကျမှ
လစ်ဟင်းခဲ့တယ် ။

တစ်ချိန်က စကား
ပြန်ကြားချိန်က
တစ်မိုးအောက်မှာ
ဒို့နှစ်ယောက်သာ
တူယှဉ်နွှဲပျော် မခွဲကြေးနော်´´ တဲ့ ။

အခုတော့လည်း
ဝေးသောအချိန်မို့
လွမ်းစိတ်ရယ် ပို
ဆွေးစိတ်တွေ ရင်ဖိုလာတော့
တမ်းတမိတယ် ပျို — ။

လွှင့်မျောဆဲ

ရင်ခွင်တံခါး
ဖွင့်ကာထားလည်း
လေတိုးရုံသာ အဖတ်တင်၏ ။

ပွင့်လင်းစွာပြော
ချစ်တင်းတွေနှောခဲ့လည်း
စကားလုံးတွေသာ မျှောခဲ့တယ်
သူကတော့ ဟာသတွေ ပြော ။

ကြိုက်ကြိုက်သလိုနဲ့
လှိုက်လှိုက်ကာ ဖိုလာဆဲပါ ။

စိတ်အစဉ်သာ ချစ်အာရုံမှာ
ရင်ခုန်သံတွေ မှားနေလည်း
ငါ့ကို လှောင်နေတဲ့
သူ့ဟာသ တွေကိုဘဲ
ငါ လွမ်းနေဆဲ ။

3/20/2009

ချစ်မာန်ဆိုး

အရာရာမှာ
ငါသာ အရေးကြီးဆုံးလို့
ထင်ခဲ့ပေမယ် -

အခုတော့ သူ့ကြောင့်
သံယောဇဉ်တိုး
ချစ်မိုးတွေလဲ စိုလေပြီ ။

ငါသာ ငါ့ဘဝ
မာန ထောင်လွှား နေခဲ့ငြားလည်း
တကယ်တော့
မင်းအပြုံးမှာ
ငါရုန်းမထနိုင်ခဲ့တာပါ ။

t1

အပြုံးကို နောက်ခံထားပြီး
အမုန်းဆိုတဲ့တံတိုင်းတွေခြားခဲ့တဲ့မင်း
တကယ်ဆို
ရှုံးခဲ့တဲ့သူဟာ ငါပါ ။

ဘယ်နေရာမဆို
အရာရာကို ဦးစားပေးခဲ့
ငါ့နှလုံးသားကိုစတေးပြီး
ချစ်တယ် ဆိုတဲ့စကားသံကြားမှာ
အခုချိန်ထိလည်း တ၀ဲလည်လည်နဲ့ငါ
မင်းကို ရူးနေဆဲပါ ။

3/06/2009

အနာဟောင်း


ဒီခုံတန်းလေးမှာ
ရင်ခုန်သံတွေ မျှခဲ့ဖူးတယ်

ဒီခုံတန်းလေးမှာ
ငါတို့တွေ ချစ်ခဲ့ကြဖူးတယ်

ဒီခုံတန်းလေးမှာ
အကြင်နာတွေ ရခဲ့ဖူးတယ်

တကယ် တကယ်တော့
ဒီခုံတန်းလေးမှာဘဲ
ငါ့နှလုံးသားကို စတေးခဲ့ဖူးတယ်

ဒီလိုဘဲ
မကြာခင်က
ဒီခုံတန်းလေးမှာဘဲ
ငါ ကြေကွဲ ၀မ်းနည်းခဲ့ရဖူးတယ်

အချိန်တွေသာ နှောင်း
ရာသီတွေသာ ပြောင်းလာခဲ့တယ်
ဒီခုံတန်းလေးကတော့
ရှိမြဲရှိနေဆဲ ။

အခုချိန်ထိလည်း
ခုံတန်းလေးကဘဲ
ငါ့ဘ၀ကို အားပေးနေဆဲ ။

မင်းမရှိတဲ့အခါ







မင်းမရှိတဲ့ည
မင်း မရှိတဲ့ဘ၀မှာ
ရှေ့ဆက်တည်ဖို့
မဖြစ်နိုင်လို့ပါ ။

မတွေ့နိုင်ကြလို့
မေ့လိုက်ပါစို့တော့
မပြောပါနဲ့
ငါ အနေအထိုင်ခက်လို့ပါ ။

တစ်စတစ်စနဲ့
တက်တက်လာတဲ့
ချစ်စိတ်နှောင်တိုး
သံယောဇဉ် ကြိုးကို

တစ်ဖက်သက်တော့
မဖြတ်လိုက်ပါနဲ့ မိန်းခလေး
ငါ အနေအထိုင်ခက်လို့ပါ ။

beauti girl