10/22/2008

မပေးဖြစ်လိုက်တဲ့ လက်ဆောင်မွန်


မင်းအတွက်ဆို ငါအသက်တောင်စတေးခံနိုင်ပါတယ်- ဒါပေမယ့် ဒို့တွေက အခုကစပြီး ဝေးနေရတော့မှာလား
ပြီးတော့ မင်းကြောင့် ငါ့ မျှော်လင့်ချက်တွေ မယိုင်လဲပါရစေနဲ့ကွာ။
ပေးချင်လွန်းတဲ့ လက်ဆောင်တစ်ခုကို ငါ ပေးဖို့ ခွန်အားတောင် မရှိတော့ပါဘူး
ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ ငါ မျှော်လင့်ခဲ့တာပါ။
စိတ်ကူးအိမ်မက်လှလှလေးတွေလည်း ချိုလို့ပေါ့-
အခုတော့ သူများတွေပြောသလို ပန်းပေးရင် အလှမ်းဝေးတယ်ဆိုတာ ငါ ယုံရတော့မှာလား ချစ်သူရယ် ။
သူများရဲ့ ရင်ခွင်ထဲမှာ ခိုဝင်သွားတော့မယ့် မင်းကို ငါ မမုန်းရက်ပါဘူး
ငါ ကိုယ့်ငါဘဲ အပြစ်တင်နေမိတယ် ချစ်သူအပေါ်မှာ ငါတာဝန်မကျေခဲ့လို့လေ။
ပြီးတော့ ချစ်သူကို ပျော်ရွှင်အောင်လည်း မထားနိုင်ခဲ့ဘူး
အမှန်တော့ ငါမင်းကို ဒီဘ၀ထဲကို ခေါ်မလာသင့်ဘူး
အခုတော့ မင်းရောကိုယ်ပါ ဝေဒနာတွေကိုယ်စီနဲ့ပေါ့
မပေးရက်ခဲ့တဲ့ လက်ဆောင်ကို

မင်းအတွက် ဒီတစ်ခါတော့ မင်းတို့ရဲ့ မင်္ဂလာလက်ဖွဲ့အဖြစ် မဟုတ်ဘူး နောက်ဆုံးလက်ဆောင် အဖြစ် လက်ခံနိုင်ပါစေလို့ ဆုတောင်းရင်း


တစ်ချိန်က မင်းရဲ့

ရင်ခွင်ဟောင်း


0 comments:

beauti girl