9/30/2008

ချစ်ပန်းနွေ

ပူပြင်းခြောက်သွေ့တဲ့ နွေရင်ခွင်မှာ
ချောင်းရေတွေလည်းခမ်း၊ ပန်းကလေးတွေလည်း နွမ်းခဲ့ပေါ့
တံလျှပ်တွေ တဖျပ်ဖျပ်ထနေတဲ့
အပူလှိုင်းမြစ်ကြောထဲမှာ ပင်စည်ကြီးတွေလည်း--မော။
ပွင့်ဖတ်တွေလည်း မြော။
ရွက်ကြွတွေလည်း တသောသောနဲ့ပေါ့။
ဒါပေမယ့်
နွေသရုပ်နဲ့ အပူရုပ်တွေ
ဘယ်လိုဘဲ ဖန်တီး ဖန်တီး
နွေမကြောက်တဲ့ ပန်းပိတောက်နဲ့
ငုဝါတွေတောင် ပွင့်ခဲ့ကြပေါ့။
စိန်ပန်းတွေလည်း ဝေေ၀ဆာဆာနဲ့ပေါ့။
တကယ်ပါ
လွမ်းသဖြင့်သာ ပန်းပွင့်ရရင်
ငါ့ဝန်းကျင်တစ်ခုလုံး ပန်းတွေဖုံးနေမှာဘဲ
အစကတည်းက
ရှင်လျက်နဲ့ ဝေးကွာခြင်းကို မကြုံဆုံခဲ့ရင်
အခုလို ဘယ်လွမ်းနာကျပါ့မလဲ ။
အခုတော
သတိရနေရုံမှတစ်ပါး ဘာများတက်နိုင်အုံးမှာလဲကွယ် -------။

9/28/2008

ပြန်လာချင်တယ်

အနားမှာ မရှိတော့မှ
တမ်းတမိတက်နေတာ
ထွက်သွားခဲ့ပြီးမှ
ပစ်သွားရက်တယ်လို့
ထင်နေတုံးလား
တကယ်ဆို ဒို
အသက်မပါတဲ့ မနက်ဖြန်တွေကို
အထီးကျန်စွာ ဖြတ်လျှောက်နေခဲ့ရတာပါ
မရေရာတဲ့ လောကအလယ်မှာ
သေချာမှုမရှိတဲ့ အဖြေကို
မပေးခဲ့နိုင်တာ ခွင့်လွှတ်ပါ
ဒါပေမယ့်
ိဒို့အတွက် အချိန်ဆိုတာ
ရှိနေသေးရင်
အလှမ်းဝေးကွာ ပန်းကလေးတွေ
ဝေဆာပွင့်ဖူးနေတဲ့ နှင်းမြို့ကို
ကိုအရောက်လာခဲ့မှာပါ
သစာဆိုတဲ့စကားအတွက်
မေတာဆိုတဲ့ တံတားလေးတော့
ခင်းထားပေးမယ်ထင်ရဲ့ ။

beauti girl