3/27/2008

ခွင်လွတ်ပါ

ဆရာမ

ဖြူစိမ်းဝတ်ရုံ ကျက်သရေဆောင်လို့
ခြေလှမ်းဖွယ်ဖွယ် လှမ်းရွယ်လာတဲ့
သိပ်ယဉ်လှတဲ့ ဆရာမရယ်
ကျောင်းသားကျောင်းသူ ရွယ်တူနေလည်း
သူ၏တာဝန် တကယ်ကျေပွန်
ကျောသားရင်သား မခွဲခြားဘဲ
အုပ်ချုပ်နိုင်သူ
စိတ်ထားကောင်းတဲ့ ဆရာမဖြူ
ဘယ်တော့မဆို အမြဲလိုလို
ပြုံးလို့သာသူ
မြင်သူတိုင်းပင် လေးစားလောက်တဲ့
ဆရာမဖြူ .......... ။

3/18/2008

တမ်းတမ်းတတ

တမ်းတနေဆဲ နေ့ရက်တွေထဲ
မှန်းဆကာဘဲ လွမ်းရတာလည်း
မောလှပြီကွယ်
တစ်သက်မှာမှ တစ်ခါတည်းဘဲ
ထားခဲ့ဘူးတဲ ချစ်ရသူရယ်
မလှည့်စားပါနဲ့
ဝေးသွားမှာဘဲ စိုးကြောက်ပါတယ်
တကယ့်တကယ်တော့
ဝေးနေရဆဲ
မင်းမရှိပေမယ့် အရင်လိုပါဘဲ
ဒါပေမယ့်ပေါ့ မပြောင်းလဲတာ
မင်းအနမ်းတွေဘဲ တမ်းတနေဆဲ
လွမ်းရက်ရှည်ရယ် ဘယ်တော့ကုန်မလဲ
ထားခဲ့ရင်ထဲ မင်းအပြုံးတွေထဲ
ယစ်မှုးစေခဲ့
ဘယ်ခါတစ်နေ့ ရင်မှာမမေ့
ပြန်လာချိန်နေ့ မျှော်နေမယ်ဟေ့.........

3/17/2008

တကယ်ပါ

ဘ၀ရဲ့အမောတွေကို
တခဏတာအပန်းဖြေဖို့
blog တွေထဲမှာ လိုက်လည်လို့
အဆန်းဆန်းလေးတွေထက်
အရမ်းအရမ်းကို ခံစားနေတက်ခဲ့
စာလွှာလေးတွေထက်
ငါကဗျာလေးတွေကိုဘဲ ရွေးဖတ်ခဲ့မိတာပါ ။
တကယ်လို
ငါ့ဘ၀ရဲ့တစ်ဆစ်ချို့ကွေ့တွေမှာ
ဒါမျိုးတွေက ရိုးနေပြီလို့ အပြောမခံရရင်
တော်ပါပြီ
ငြီးငွေ့နေရတာထက်
သူများတွေရဲ့ blog တွေကို လိုက်လည်ရတာတော့
ကျွန်တော့်အတွက်တော့ စိတ်ဖြေမှုတစ်ခုရလိုက်သလိုဘဲ
ကို့ရဲ့ခံစားချက်လေးတွေကိုလည်း ပြောကြ
ထင်ပေါ်ကျော်ကြားတဲ့ လူမျိုးစုံအကြောင်းတွေလည်း သိရ
ပျော်တယ်ဗျာ
ဖြစ်နိုင်ရန် နောက်ထပ်အသစ်လေးတွေဖတ်ချင်မိတယ်

3/16/2008

ကျွန်တော်လိုချင်နေတဲ့ blog

ပြောရမှာ ကြောက်နေတယ်-- ဒါပေမယ့် မပြောလိုက်ရင်လည်း ရင်ထဲမှာ နင့်နေသလိုဘဲ- တခြားတော့မဟုတ်ပါဘူး -
blog တွေထဲမှာ သူများရဲ့ခံစားချက်လေးတွေကိုကြည့်ပြီး တစ်ခုခုနဲ့တော့ ပျော်ရွှင်စရာလေးတွေလုပ်တက်ကြတာဘဲ -
တချို့ blog တွေ့ကျတော့ ဗဟုသုတလေးတွေကို မျှဝေလိုက်ကြတယ်- ကျွန်တော်လည်းအားကျလို့ လိုက်ရေးကြည့်တာ
ရက်ပိုင်းဘဲရှိသေးလို့လားတော့မသိဘူး - ကျွန်တော်သွားလည်နေတဲ့blog တွေထဲမှာ '' နှင်းပွင့်ဖြူလေး၊ ချစ်လေပြေ'' တို့ရဲ့ ရေးထားတာလေးတွေ့ အရမ်းကြိုက်တယ်ဗျာ - နောက်တစ်ခုက နာလည်လေးကချစ်စရာလေး "သုနှင်းဆီ " တဲ့
သူကလည်းတစ်မျိုးလေးဘဲ- ကျွန်တော့်ကို သိချင်မှလည်းသိမယ်- မသိဖို့က (၉၀)ရာခိုင်နှုန်းလောက်သေချာနေတယ်။
ဘာလို့လည်းဆိုတော့ --ကွန်ပျူတာကို အမြဲမကိုင်ရသေးလို့ပေါ့ - သူများလိုလည်း ထူးထူးခြားခြားလေးတွေမရေးတက်တော့
ခက်နေတယ်- စိတ်ထဲမှာလည်း မကောင်းဘူးဖြစ်မိတယ်- ကျွန်တော်ဘာဖြစ်လို့ လူချစ်လူခင်တော်တော်ပေါနေတာလဲပေါ့လေ-
တခြားဟာတွေမရေးတက်ပေမယ့် ကျွန်တော့်ရဲ့ခံစားချက် ဘယ်သူမှနားမလည်နိုင်တဲ့ ကဗျာလေးတွေတော့ ရေးထားတာပေါ့-
ကာရန်မညီ ကဗျာမပီသေးတဲ့ စာလွှာလေးတွေပေါ့ ရင်ထဲမှာထက် အပြင်ဘက်မှာချရေးထားတာ စိတ်ပေါ့သွားမယ်ထင်လို့ပါ
ဝိုးတ၀ါးအတွေးတွေနဲ့ ဆိုးဆိုးရွားရွား လျှောက်မတွေးဘဲ ရိုးရိုးသားသားလေးပဲ ၀န်ခံထားတဲ့ကဗျာလေးတွေပါ-
စိတ်ပါရင် ၀င်ကြည့်သွားစေချင်တဲ့ -

ယုံတယ်ဆိုရင်ပေါ့

စကန့်တွေမလပ်
အချိန်တွေမှတ်လည်း
ဝေးခဲ့ကြတာ ပြကဒိန်တစ်ခုတောင်
ဟောင်းခဲ့ပါပြီ
နယ်တွေရယ်ခြား တောင်တွေကတား
လမ်းတွေကများ တာဝန်တစ်ခုလား
ဆိုတဲ့အတွေးများ မင်းရင်ထဲမှာ
စွဲမှတ်ပါ့မလား

နေညိုချိန်ဟာ
ဒို့နှစ်ယောက်ရဲ့ အမှတ်တရတွေလား
အဖြစ်အပျက်တွေဟာ
မနေ့ကလိုပါဘဲ
မင်းသိမှာပါ
ပန်းမြို့ရဲ့ရေကြည်ကန်လေးမှာပေါ့ ။

3/15/2008

ူlover

တစ်ယောက်သောသူ

တစ်နေ့မမြင်
စိတ်မရွှင်လည်း
ရင်ဝယ်တမ်းတ
လွှမ်းသမျှကို
ချစ်ရသူလေး
သိစေချင်၏
မသေချာလည်း
ရင်မှာအမြဲ
နေရာမရွှေ့ဘဲ
သိမ်းကာထားတယ်
မပျော်နိုင်ရင်
ပြန်လာနိုင်တယ် ။


3/14/2008

poem

မိုးကောင်းကင်းမှာ
လကလေးကသာနေလေရဲ့
အပြစ်မဲ့တဲ့ ငါ့ရဲ့ကြယ်လည်း
လင်းလက်နေရဲ့
အဲဒီအချိန်တွေ
ပြန်လိုချင်မိတယ်
ချစ်သူနှစ်ဦး ပျော်ရွှင်မှုတွေကိုပေးတဲ့
လမင်းလေးရေ
မင်းမသိပေမယ်
ဒါတွေဟာ အတိတ်မှာ ကျန်ခဲ့ပေမယ့်
ရင်ထဲမှာတော့ ပူနွေးနေဆဲ ။


3/13/2008

ခံစားချက်အစစ်

ဘ၀မှာလိုအပ်တာအများကြီးရှိပါသေးတယ်

ဒါပေမယ့်အခွင့်အရေးဆိုတာရခဲပါတယ်

ထီပေါက်သူတွေရှိနေပေမယ့် အဲဒီလူတွေထဲမှာ

စိတ်မချမ်းသာရသူတွေလည်း အများကြီးပါ ။

လိုအပ်တာထက် ဘ၀မှာ ရောင့်ရဲတင်းတိမ်နေတက်ရင်ကောင်းမယ်လို့



ထင်နေတဲ့


ကောင်လေး

beauti girl