10/21/2008

အလွမ်းရင့် ဒဏ်ရာ

လွမ်း လွမ်းနေတယ်ဆိုရင်
မင်း ယုံပါ့မလား
တမ်း တမ်း တတက်နေတယ်ဆိုရင်ကော
မင်း မြင်နိုင်ပါ့မလား
ပြီးတော့
တစ်ခါတစ်လေ မင်းကို လွမ်းရလွန်းလို့
လူတောင် နွမ်းနွမ်းသွားတယ်ဆိုရင်ကော
မင်း သနားပါ့မလား
အရမ်း အရမ်းဘဲ
ဝေးနေကြလို့ မင်း
ရင်ထဲမှာ ငါ့အတွက်
နေရာထိုင်ခင်းကော ရှိသေးရဲ့လား
နှလုံးသားရဲ့ထောင့်တစ်နေရာမှာ
မင်းပေးသွားတဲ့ ဒဏ်ရာတွေကို
ခရေပန်းနဲ့ ပေါက်ခဲ့တယ်လို့
ထင်ထားတုံးပါ
ဒါပေမယ့် ငါပျော်နေဆဲပါ
တစ်နေ့တစ်ချိန်
နာရီတွေနဲ့အမျှ စက္ကန့် မခြား
အလွမ်းတွေ ရင်မှာပိုက်လို့
တမ်း တမ်း တ နေတုံးပေါ့
ဒါတွေအားလုံး ချစ်သူ မင်းတစ်ယောက် သိကြားပါစေ

0 comments:

beauti girl