6/15/2009

အတိတ်က ပန်းတပွင့်


ခဏတာသာ
အပျော်တွဲ ရှာသူကိုမှ
တစ်ဘ၀စာ မက
ရည်ရွယ်ချစ်မိတဲ့သူ

အပြောတွေမှာ မျှောခဲ့မိတော့
ကြားခဲ့ဖူးတဲ့ အရင်က သူ့ဇာတ်လမ်းတွေ
ပြေခေါက်လို့

images

နွမ်းရမှာ သိရက်နဲ့
သူ့လက်ဖ၀ါးလေးကို တယုတယနမ်း
ရော် – အခုတော့ ငါ
လွမ်းခဲ့ရပြီပေါ့ ။
အတိတ်ဇာတ်လမ်းတွေ
သစ္စာစကားနဲ့ လန်းလာရင်
ဘ၀မှာ ပန်းပွင့်တိုင်း
ငါ နမ်းလို့ရပြီ ချစ်သူ ။

အခုတော့ ငါ
ရူးသွပ်သူပေါ့ ———- ။

1 comments:

မိုးခါး said...

မိုက်တယ် ..း)

beauti girl