6/15/2009

သူ

ဝေးနေကာမှ
အတွေးရယ်က
ဆိုးရွားလာတာ ကြည့် ။

တကယ်ဆို
ဝိုးတ၀ါးနဲ့ ဖြတ်သန်းခဲ့ရညတွေကို
သူ မသိပါဘူး –

ပြီးတော့ ငါ
ရိုးသားတဲ့ ရင်ခုန်သံတွေနဲ့
ချစ်ခဲ့သူမှာတော့
အခု အရူးကြီးလိုပါဘဲ

ဇာတ်လမ်းရဲ့ အဆုံးမှာ
ငါရှုံးမယ်ဆိုတာ သိရက်နဲ့
သူ့ ဟန်ဆောင်အပြုံးတွေကိုပဲ
ငါ လွမ်းတက်လာခဲ့

ရုန်းမထွက်နိုင်တဲ့ မာယာတောမှာ
မှော်ဝင်သလို ခုန်မင်နေဆဲပါ ။

1 comments:

မိုးခါး said...

အလွမ်းတွေ အလွမ်းတွေ ..း)

beauti girl