6/15/2009

တွေးမိတဲ့အလွမ်း

တစ်နေ့တစ်ချိန် ပေါင်းဆုံရမယ်လို့
ယုံကြည်လက်ခံထားခဲ့ကြတဲ့
ဒို့နှစ်ယောက်

တကယ်ဆို ဇာတ်လမ်းကို
လက်ကမ်းခဲ့သူက အလွမ်းနဲ့ဘ၀ကို
ကုစားနေရသူ –

တစ်ချိန်
ချစ်ကာစ ဖြစ်ကာစချိန်တွေ
ပျော်ရွှင်မှုဆိုတာ အတိုင်းမသိခဲ့

ခုတော့ ထစ်ကနဲ
လစ်ဟာသွားကာမှ ပစ်ကာ ပြေးသွားခဲ့ပေါ့
ချစ်ခဲ့ရာမှာ အနှစ်တွေ မပါတော့
ငါ့ကို အပြစ်တွေ မြင်နေပြီပေါ့

မစခဲ့တာ ငါ အလှကြည့်ချင်လို့ပါ
အဆုံးမှာ ရှုံးမယ်ဆိုတာ ကြိုသိရင်
ငါ လန်းပါ့မလား

အခုတော့
ငါလွမ်းနေရတာလည်း
မဆန်းတော့ပါဘူးကွယ် ။

0 comments:

beauti girl