12/26/2008

သိုဝှက်အချစ်

အခုတော့ ငါ
အကြင်နာတွေ သိုဝှက်ခဲ့ပြီ

ရင်ခုန်သံတွေ မြန်ပေမယ့်
တစ်စုံတစ်ရာကို စိုးရိမ်မိတယ်

အပြင်ပန်းမှာ ခင်ပေမယ့်
ရင်ထဲမှာအမြဲ
တိတ်တိတ်လေးလည်း
ကြိတ်ပိုးရဆဲ ။

ကြေညာမောင်းခတ်ချင်ပေမယ့်
အမြင်တွေ ပြောင်းသွားမှာ စိုးတယ်

တကယ်တော့
မကြေညာရဲပေမယ့်
ငါ့ရဲ့အိမ်မက်တွေမှာ မင်းပါ။

0 comments:

beauti girl