12/14/2008

ကြယ်စင်ထက်က နတ်သမီး

ထွန်းလင်းတောက်ပ
လရောင်အောက်က ငါ့နတ်သမီး
ကြယ်တွေကို ဆွတ်ခူး
တစ်ခါက
လက်ဆောင်တောင် ပေးခဲ့ဖူးရဲ့ ။

တကယ် တကယ်
ပျော်စရာတွေပြည့်နှက်
ယုံရခက်ခက် ပုံပြင်တွေထက်
ရင်တွေခုန်နေခဲ့တဲ့ ငါ

အခုတော့
လရောင်ကတိတ်
ကြယ်တွေလည်းအိပ်ခဲ့
ပုံပြောကောင်းတဲ့ နတ်သမီးနဲ့ငါ
ဘယ်သောအခါမျှ
ပြန်ဆုံခွင့်ရမည်နည်း

0 comments:

beauti girl