12/12/2008

ဆူးလေး

တန်ဖိုးထားခဲ့တယ်
အရာတွေအားလုံးထက်ပေါ့

တွယ်တာခဲ့တယ်
ဖြတ်မရတဲ့ သံယောဇဉ်တွေနဲ့

စိတ်ကူးတောင် ယဉ်ခဲ့ဖူးတယ်
အရိုးဆွေးတဲ့ထိ ပေါင်းရမယ်လို့

အခုတော့
ရူးခဲ့သမျှ အချစ်ဆိုတာ
ဆူးမှန်းသိတော့တယ်

တကယ်
ဆူးမှန်းသိရက်နဲ့
မနုတ်ရက်ခဲ့တဲ့ ငါ့အပြစ်
ရင့်မာမှ ခွဲရမယ်ဆိုရင်
နောင်တဆိုတာကိုတော့
ငါ အမုန်းဆုံးဘဲ

0 comments:

beauti girl