5/14/2009

ဘ၀ဆိုးရဲ့ ချစ်ကံ


တကယ်တော့

ချစ်စိတ်တွေ မွန်နေသူ မဟုတ်ပါဘူး
ချစ်ခဲ့တာ ရိုးသားမှုနဲ့ပါ –

ဆိုးရွားတဲ့ ဘ၀နဲ့ ငါ
လက်တွဲဖော်ကို ရှာခဲ့မိသူ
အခုတော့ကွာ ဆူးထိပြီလို့
ပြောမထွက်ခဲ့ပါ –

စွဲလမ်းမိခဲ့ ပန်းတပွင့်ကို
လှမ်းလင့်လို့ ခူးချင်ပါရဲ့
တကယ်တော့
အလှသာ ကြည့်ခဲ့ရ ။

သူချစ်ရယ်ရှာ
ကိုယ်ချစ်ရယ်က ခဏတာ
တဲ့
ဝင်ကာစီးနင်း ဒီအဆင်က
ငါ့အတွက်မှာ လမ်းမှန်လားကွယ် ။

ချစ်ခဲ့တာကို ဟန်ဆောင်မှုလို့ ပြောရက်သူ
မင်းကြောင့် ရိုးသားခဲ့သူကိုမှ
အချိုးမကျအောင် ဖန်လေသလားကွယ် ။

fate

ဖြစ်ချင်တာထက်
ဖြစ်ခွင့်မရတာတွေ များ များလာတဲ့
ငါ့ရဲ့ ဘဝ
နားလည်မှုကူလို့
ကမ်းလင့်လှည့်ပါ ချစ်သူ ။

ဆိုကာနေလဲ ပန်းချီလိုပါဘဲ
ခုတော့
ရောင်လွှင့်ပြယ်မှိန်
ဆေးတွေ တိမ်ဝင်ခဲ့ပါပြီကွယ် ။

0 comments:

beauti girl