5/05/2009

တကိုယ်ရေအလွမ်း

ချစ်ရတစ်ရက်
လွမ်းရက်တစ်ရာ ဆိုစကား
ငါ့ကို ထိုးစစ်ဆင်နေရော့လား ။

စုထားတဲ့ကဗျာမှာ
မုသားရယ်မပါခဲ့လည်း
အများအမြင်မှာ အပျင်းပြေပေမယ့်
ခံစားရသူ ရင်မှာ
တကယ် လွမ်းနာကျလေပေါ့ ။

အလွမ်းဓာတ်ခံရှိလေလည်း
ကျွမ်းသမျှတိုင်းက
နွမ်းလျမှာလား ကွယ် ။

မိန်းခလေးရေ
အသဲကွဲတာထက်
အလွမ်းတွေ စွဲလာတော့
နွမ်းရမှာတော့ ကြောက်တက်ပြီကွယ် ။

0 comments:

beauti girl