3/20/2009

ချစ်မာန်ဆိုး

အရာရာမှာ
ငါသာ အရေးကြီးဆုံးလို့
ထင်ခဲ့ပေမယ် -

အခုတော့ သူ့ကြောင့်
သံယောဇဉ်တိုး
ချစ်မိုးတွေလဲ စိုလေပြီ ။

ငါသာ ငါ့ဘဝ
မာန ထောင်လွှား နေခဲ့ငြားလည်း
တကယ်တော့
မင်းအပြုံးမှာ
ငါရုန်းမထနိုင်ခဲ့တာပါ ။

t1

အပြုံးကို နောက်ခံထားပြီး
အမုန်းဆိုတဲ့တံတိုင်းတွေခြားခဲ့တဲ့မင်း
တကယ်ဆို
ရှုံးခဲ့တဲ့သူဟာ ငါပါ ။

ဘယ်နေရာမဆို
အရာရာကို ဦးစားပေးခဲ့
ငါ့နှလုံးသားကိုစတေးပြီး
ချစ်တယ် ဆိုတဲ့စကားသံကြားမှာ
အခုချိန်ထိလည်း တ၀ဲလည်လည်နဲ့ငါ
မင်းကို ရူးနေဆဲပါ ။

1 comments:

မသက်ဇင် said...

အပြုံးကို နောက်ခံထားပြီး
အမုန်းဆိုတဲ့တံတိုင်းတွေခြားခဲ့တဲ့မင်း
တကယ်ဆို
ရှုံးခဲ့တဲ့သူဟာ ငါပါ ။

ခံစားပြီးလာဖတ်တယ်--

beauti girl