3/06/2009

အနာဟောင်း


ဒီခုံတန်းလေးမှာ
ရင်ခုန်သံတွေ မျှခဲ့ဖူးတယ်

ဒီခုံတန်းလေးမှာ
ငါတို့တွေ ချစ်ခဲ့ကြဖူးတယ်

ဒီခုံတန်းလေးမှာ
အကြင်နာတွေ ရခဲ့ဖူးတယ်

တကယ် တကယ်တော့
ဒီခုံတန်းလေးမှာဘဲ
ငါ့နှလုံးသားကို စတေးခဲ့ဖူးတယ်

ဒီလိုဘဲ
မကြာခင်က
ဒီခုံတန်းလေးမှာဘဲ
ငါ ကြေကွဲ ၀မ်းနည်းခဲ့ရဖူးတယ်

အချိန်တွေသာ နှောင်း
ရာသီတွေသာ ပြောင်းလာခဲ့တယ်
ဒီခုံတန်းလေးကတော့
ရှိမြဲရှိနေဆဲ ။

အခုချိန်ထိလည်း
ခုံတန်းလေးကဘဲ
ငါ့ဘ၀ကို အားပေးနေဆဲ ။

0 comments:

beauti girl