အတွေးကြားမှာ
ဝေး သွားမလား ဆိုတာ
မင်းနဲ့ကျမှ
မနှောင့်ယှက်စေခဲ့ ။ 
အသက်နဲ့ရင်း
ချစ်ခြင်းတွေ ပြင်းခဲ့လည်း
သံယောဇဉ်တွေ
မင်းနဲ့ကျမှ
လစ်ဟင်းခဲ့တယ် ။ 
တစ်ချိန်က စကား
ပြန်ကြားချိန်က
တစ်မိုးအောက်မှာ
ဒို့နှစ်ယောက်သာ
 “ တူယှဉ်နွှဲပျော် မခွဲကြေးနော်´´ တဲ့ ။
အခုတော့လည်း
ဝေးသောအချိန်မို့
လွမ်းစိတ်ရယ် ပို
ဆွေးစိတ်တွေ ရင်ဖိုလာတော့
တမ်းတမိတယ်  ပျို — ။






