11/26/2008

ယုံကြည်ချက်၏ -----အရှုံး

ဇာတ်လမ်းအဆုံးမှာ
ရှုံးနိမ့်မယ်မှန်း သိလျက်
ဘာကြောင့်များ
အပြုံးမပျက် ကနေမိခဲ့တာလဲ
ပြောပြခဲ့တဲ့ မင်းပုံပြင်တွေ
အလိမ်အညာတွေမှန်း မရိမ်မိနိုင်လောက်အောက်
အကြွင်းမဲ့ ယုံကြည်ခဲ့တဲ့
ငါ --- ကိုယ်တိုင်ဘဲ ညံ့ဖျင်းနေတာလား
တစ်ဘ၀လုံး မမုန်းချင်သူမို့
အပြစ်မမြင် အချစ်ဥာဉ်ဆိုးတွေနဲ့
အရှုံးပေးခဲ့ပေ့မယ့်
အမြဲတမ်းအတွက် သည်းခံ
မြတ်နိုးစွာ ချစ်ခဲ့တဲ့
ဒီရင်ခွင်ရဲ့ တန်ဖိုးကို
တကယ်ကို နားမလည်ခဲ့ရင်
မင်း --- စိတ်ကြိုက်သာ ဆုံးဖြတ်ပါ---

1 comments:

Anonymous said...

ကဗျာကောင်းလေးတပုဒ်ပါ---

beauti girl