11/07/2008

သုံးရာသီလွမ်းချင်း

လွမ်းတေးမဆို ဒီနွေချိုနဲ့
တောင်ပြာတန်းရဲ့ ငိုသံ
ညနေဆည်းဆာရဲ့ အလှ
ဘာမှမဆိုင်ပေမယ့်
မင်းအလှနဲ့တော့ ငါ မနှိုင်းခဲ့ပါဘူး
ဒါပေမယ့်
တစ်စုံတစ်ရာကို ငါလွမ်းမိတယ် ။

ပြီးတော့ ဒီမိုး
မိုးရေတွေကြား ငါ့အနမ်းတွေက
ပိုင်ရှင်မဲ့လျက်ပေါ့
ညိုမည်းမည်း ကောင်းကင်ကြီးလည်း
ညည်းတွားနေတုန်းပဲလေ
ဒါပေမယ့်
တစ်ယောက်ယောက်ကြောင့်
ငါ့မျက်နှာ ငြိုးငယ်နေဆဲ ။

ဆောင်းဆိုပေမယ့် ပြိုလာတော့မလိုနဲ့
ညိုညိုလာတဲ့ ကိုရွှေမိုးက
လောကကြီးကို အန်တုလို့ပေါ့
ဒီလိုဘဲ
မနက်နက်တွေမှာ အေးအေးလာတယ်
ဒါပေမယ့်
ငါ့ရင်ထဲမှာတော့ မင်းအတွက်ဆိုရင်
နွေးနေဆဲပါ။

0 comments:

beauti girl