8/21/2008

မိန်းခလေး

မိန်းခလေးရေ
မင်းနှုတ်ခမ်းမှာ
ဘာရောင်မှ ချယ်မထားလည်း
နီဆွေးဆွေးနှုတ်ခမ်းပိုင်ရှင်ပါ ။

ဒါပေမယ့်လည်း
မင်းရဲ့ ပန်းနီရောင်ပါးပြင်တစ်စုံမှာ
သူတစ်းပါးရဲ့ ချစ်သင်္ကေတတွေ
စွန်းထင်းနေတယ်ဆိုတာ
ဒို့သိနေဆဲပါ ။

တကယ်တော့
လှပတဲ့ မင်းဘ၀မှာ
ဖြူစင်တဲ့ နှလုံးသားကော
ပိုင်ဆိုင်ထားတုန်းလားလို့ ?
ဒို့ မမေးရက်ခဲ့ပါဘူး ။

ဒို့ဘ၀ရဲ့အကြောင်းကြောင့်
မကြေညာရဲပေမယ့်
ရင်မှာစွဲနေတဲ့ မင်းကိုတော့
တိတ်တခိုး ချစ်နေဆဲပါ ။

0 comments:

beauti girl