7/11/2008

kidness


တကယ်ပါ
ရည်ရွယ်ခဲ့တာ
သက်သေထားခဲ့တာတွေဟာ
မင်းနဲ့ပတ်သက်သမျှအရာတွေ အားလုံးအတွက်ပေါ့
မထင်မရှားနဲ့ လောကကြီးထဲမှာ မနေချင်တော့လို့
ရိုးသားစွာနဲ့ ကြိုးစားပြီး နေခဲ့တာပါ
အမှတ်မထင်ဘဲ
မင်းခွဲခွာသွားတော့
ငါ မှာ

ဘယ်သူ့ကို တိုင်ပင်ရမှာလဲ မိန်းခလေးရယ်
ကြင်နာလျက်နဲ့ ခွဲခွာသွားရက်တယ်လို့
ဒို့ကို ချစ်သေးရင် ပြန်လာခဲ့ပါလား
အကြင်နာရယ်

မင်းမှာ ကြင်နာတဲ့အသည်းနှလုံးကော ရှိသေးရဲ့လား
ဖြူစင်တဲ့အချစ်ကို အရောင်မဆိုးရက်ခဲ့ပါဘူး
မလှမပနဲ့ လူတကာအလယ်မှာ
ကဲ့ရဲ့တာကို မခံချင်ခဲ့တာတော့ အမှန်ပါ
ဒို့က မင်းအတွက်နဲ့အသက်ရှင်နေရတယ်ဆိုရင်
ဒီဘ၀တင်မကပါဘူး
သံသရာဘ၀တလျှောက်မှာ
မင်းအတွက် အနစ်နာခံသွားမယ့်လူသားပါ။

0 comments:

beauti girl