2/22/2009

miss

zwani.com myspace graphic comments
Myspace I Miss You Graphics

2/10/2009

လွမ်းသူ့တွေး

နေချင်တာနင့် အနားမှာမို့ 
သေရင်တောင်ပစ်မသွားပါနဲ့ 
လွမ်းရမှာကြောက်တယ်

ခဲနေတဲ့အိပ်မက်တွေအတွက်
မျှော်လင့်ချက်နည်းနည်းပေးပါဦး
ရူးရမှာကြောက်တယ်

မသိနိုင်လွန်းတဲ့ နင်က
ချစ်နိုင်လွန်းငါ့အတွက်
အပြုံးတချက်တော့ချီးမြှင့်ပါ
မုန်းမိမှာကြောက်တယ်.....

တကယ်တမ်း လွမ်းရရင်
ငါ့နှလုံးသားကြမ်းပြင်မှာ
ထစ်ချုန်းမိုးလို စိုကာရွှဲသွားပေမယ့်
တဒင်္ဂလေးလို့ မထင်လိုက်ပါနဲ့
တစ်သက်လုံးလွမ်းရမှာ စိုးတယ် ---

1/21/2009

ကြယ်တွေနဲ့ငါ

ကြယ်ရောင်တွေဆွေး
လရောင်တွေ ဝေးလို့
မသဲမကွဲ အမြင်တွေထဲ
ေ၀၀ါးနေဆဲပါ

လွမ်းတွေကို သီကုံး
စာစီကာ ဆုံးမှာမဟုတ်တော့
အချိန်တွေသာ ကုန်ဆုံးတယ်
တကယ်တော့ ငါ မင်းရဲ့
အကြည့်လေးတစ်စုံမှာတောင်
ရုန်းထွက်ဖို့ခက်

1/20/2009

အဝေးကချစ်သူ

နေ့ညတွေပြောင်း
ရက်တွေသာ နှောင်းခဲ့
မဟောင်းသေးတဲ့
အကြောင်းတစ်ခုသာ
ငါ့ရင်တစ်စုံ မှာ စွဲကျန်ဆဲပါ ။


ရှင်သန်လာတဲ့ ဒီအချစ်များ
ထာဝရအတွက် ရည်ရွယ်ထားခဲ့
အိမ်မက်လို့တော့ မပြောပါနဲ့ ။

ကြင်နာစိတ်ပို ရင်မှာဖိတ်ယို
စိတ်ကူးလေတွေ ပိုနေမိတယ်
အခုတော့ အဝေးကို
ပြေးထွက်သွားလို့

1/03/2009

ရာစုသစ်

ရာစုသစ်တဲ့
မကြာဘူး အခုချစ်မယ်ဆိုပြီး
ဦးချစ်ထူးဆိုင်မှာ မုန့်ဟင်းခါးဝယ်ပြီး
နှစ်ယောက်အတူ စားလိုက်တာ
ဆိုင်ရှင် ကျေးဇူးတင်တယ်တဲ့ဗျာ
ဟား - ဟား
၂၀၀၉ တဲ့ဗျာ
ှနှစ်သစ်ကို ရောက်ခဲ့ပြီပေါ့
ရာသီတွေ အလီလီပြောင်းလို့
နှစ်တွေတောင် ဟောင်းနွမ်းနေပြီပေါ့

12/26/2008

ဝေးသွားမှ

နှုတ်ဆက်ခဲ့ပြီ
တကယ်ဝေးရင်
ကြင်နာခဲ့တာ တွေးပြီး
နှစ်သိမ့်နေမှာပါ

တစ်ချိန်ချိန်မှာ လည်ပြန်လို့
အတွေးမှာ ခဏရှိရင်တောင်
ငါကျေနပ်မိမှာပါ

အိမ်မက်လို့တော့
မပြောသွားပါနဲ့
ငါ အနေအထိုင် ခက်လို့ပါ

သိုဝှက်အချစ်

အခုတော့ ငါ
အကြင်နာတွေ သိုဝှက်ခဲ့ပြီ

ရင်ခုန်သံတွေ မြန်ပေမယ့်
တစ်စုံတစ်ရာကို စိုးရိမ်မိတယ်

အပြင်ပန်းမှာ ခင်ပေမယ့်
ရင်ထဲမှာအမြဲ
တိတ်တိတ်လေးလည်း
ကြိတ်ပိုးရဆဲ ။

ကြေညာမောင်းခတ်ချင်ပေမယ့်
အမြင်တွေ ပြောင်းသွားမှာ စိုးတယ်

တကယ်တော့
မကြေညာရဲပေမယ့်
ငါ့ရဲ့အိမ်မက်တွေမှာ မင်းပါ။

beauti girl