တညတည လွမ်းခဲ့သမျှ
အသဲနှင့်တကွ
ငါ နွမ်းခဲ့ရ၏ ။
တစ်နေ့တစ်နေ့ တမ်းတခဲ့သမျှ
စွဲလမ်းစိတ်နဲ့
ရူးခဲ့ရပြီ ။
ပတ်သက်သမျှ အရာရာလည်း
နှောင်းအတိတ်က
ကျောင်းထိပ်မှာဘဲ
ထားခဲ့ရ၏ ။
ငါလွမ်းသမျှ
နောက်ဆုံးတော့လည်း
ကျွမ်းခဲ့ရပြီ ။
တညတည လွမ်းခဲ့သမျှ
အသဲနှင့်တကွ
ငါ နွမ်းခဲ့ရ၏ ။
တစ်နေ့တစ်နေ့ တမ်းတခဲ့သမျှ
စွဲလမ်းစိတ်နဲ့
ရူးခဲ့ရပြီ ။
ပတ်သက်သမျှ အရာရာလည်း
နှောင်းအတိတ်က
ကျောင်းထိပ်မှာဘဲ
ထားခဲ့ရ၏ ။
ငါလွမ်းသမျှ
နောက်ဆုံးတော့လည်း
ကျွမ်းခဲ့ရပြီ ။
Posted by kyawzawehan at 8:43 PM 0 comments
Labels: kzh yyw
တကယ်ပါ
ရော်ရမ်းကာ တမ်းတ
မျှော်မှန်းကာ လွမ်း သမျှတွေ
ဒီဘ၀နှင့်သာ ကျေပါစေတော့ ။
တိမ်စိုင်တွေသာ အရောင်ပြောင်းသွား
မဟောင်းသေးတာ (–)ပေးသွားတဲ့
အတွင်းဒဏ်ရာ ။

ဇာတ်လမ်းရဲ့ အစမှာ
နှလုံးသားရဲ့ ဆနဆိုပေမယ့်
အရှုံးများနဲ့ ကျန်ခဲ့ရမယ့် ငါ
သိနေခဲ့လည်း ရှေ့တိုးမိနေဆဲပါ ။
အခုတော့
တစ်နေ့တစ်နေ့သာ ကုန်ဆုံး
နာရီတွေ လျှောက်နေတုန်းမှာ
ငါ့ အလွမ်းတွေ ဆုံးပါ့မလား ။
Posted by kyawzawehan at 1:48 AM 0 comments
Labels: kzh yyw
ချစ်ရတစ်ရက်
လွမ်းရက်တစ်ရာ ဆိုစကား
ငါ့ကို ထိုးစစ်ဆင်နေရော့လား ။
စုထားတဲ့ကဗျာမှာ
မုသားရယ်မပါခဲ့လည်း
အများအမြင်မှာ အပျင်းပြေပေမယ့်
ခံစားရသူ ရင်မှာ
တကယ် လွမ်းနာကျလေပေါ့ ။
အလွမ်းဓာတ်ခံရှိလေလည်း
ကျွမ်းသမျှတိုင်းက
နွမ်းလျမှာလား ကွယ် ။
မိန်းခလေးရေ
အသဲကွဲတာထက်
အလွမ်းတွေ စွဲလာတော့
နွမ်းရမှာတော့ ကြောက်တက်ပြီကွယ် ။
Posted by kyawzawehan at 1:42 AM 0 comments
Labels: kzh yyw
ချစ်သူ
ဒို့နှစ်ယောက်ရဲ့ မေတာတောမှာ
သစာကြောလည်း မှီထားချင်ရဲ့ ။
ချစ်သူ
နှလုံးသားရဲ့ နံရံမှာ
အရှုံးသမားဆိုတ့ ကဗျည်းလည်း မထိုးချင်ခဲ့ ။
ချစ်သူ
ဝေးနေချိန်မို့ အတွေးရယ် ပိုမိခဲ့
ငါ စိုးရိမ်နေတာသိရင်
တမ်းတခွင့်တော့ ပေးလှည့်ပါ ။
Posted by kyawzawehan at 1:41 AM 0 comments
Labels: kzh yyw
မကြာသောအတိတ်ဆီက
အကျွမ်းတ၀င်မြို့မှာ
လွမ်းစရာတွေ ကျန်ခဲ့ပြီး
စိတ်အစဉ်က
ဝေးမြေမှာ အတွေးရယ်ပိုလို့
ဆွေးရမှာတော့ ကြောက်တယ်ဒို့
ကမ်းမမြင် လမ်းမမြင်နဲ့
လျှောက်လှမ်းဘ၀ထဲ
ငါ့နှလုံးသားကို စတေးခဲ့ပြီးမှ

ဝေးရပ်ချစ်သူ မျှော်တော်မူလည်း
အခုချိန်မှာ
လွမ်းဆင့်စကား ပါးရုံကလွဲ
တခြားတွေသာ ဆွံ့အနေတာ
ဘ၀အခြေပါ ။
အလွမ်းတွေ နွမ်း
အနမ်းတွေလည်း လန်းတဲ့တစ်နေ့
ဒီချစ်ခရီးကို
ငါတို့တူတူ လှမ်းလျှောက်ကြဖို့
စောင့်နေပါလို့ ပြောပါရစေ ။
Posted by kyawzawehan at 3:40 AM 0 comments
Labels: http://kzh23.wordpress.com/

January enters with a bang
tickles our senses deep within
gives us new dreams and hopes
and new challenges in life to win
February brings along the craze
Prompts to hold someone dear
Valentine season and mushy scents
To love fully and live in cheer

April starts with playing pranks
Fooling pals and having fun
Fasting lent and Easter mass
Filing taxes and bathing in sun

June flags and flashes the note
Barks aloud that summer is here
pledge to retain the natural beauty
And global warming to re-engineer

August brings the colors of fall
Reminding us the circle of life
What grows and lives finally rests
So live each moment in love not strife

October declares this quarter is last
To trick or treat or work more hard
To believe the fact that good prevails
And evils perish and are caught off-guard

December bells the message of hope
The star is shining and path is bright
Another year is waiting for you
To embrace and cherish, and make wrongs right.
Posted by kyawzawehan at 11:56 PM 0 comments
Labels: www.lambency.blogspot.com/
လမ်းခွဲဖို့ကို တွေးရက်တဲ့ပျို
အကြင်နာနည်း ရင်မှာမသဲကွဲ ။
မပြည့်မစုံ လောကဇုံမှာ
ရင်းတည်လာပြု ချစ်တစ်ခုနဲ့ ။
သံယောဇဉ်ကြိုး ရစ်နှောင်တိုးလို့
တစ်ယောက်တည်းကို စွဲမြဲချစ်ပို ။
တွေ့ခွင့်မသာ ဒို့နှစ်ဦးအလယ်မှာ
အချိန်တွေရယ် ကမ်းလင့်ပါကွယ်
ပမာတုနှိုင်း အူချစ်ရိုင်းကို
မုန်းမေ့စကား သူဆိုငြားလည်း
တကယ်ချစ်သူ အပြစ်မူပြီ ။
တကယ် တကယ်ကို
သူ့တစ်ယောက်သာ
ခရီးပေါက်ကာ ချစ်ခဲ့တာပါ ။
အခုတော့ဖြင့် သူ
လွယ်လင့်တကူ မုန်းဖို့တာဆူ
ချစ်ခဲ့သူကို စိမ်းရက်တဲ့သူ ။
ဇာတ်လမ်းဆုံးမှာ အလွမ်းဆုံးသာ
မေ့ပျောက်လို့ကာ နေခဲ့ရမှာ
ငါ တစ်ယောက်တည်းပါ ။
Posted by kyawzawehan at 8:10 AM 0 comments
Labels: http://kzh23.wordpress.com/