12/15/2009

ဆုံးရှုံးခဲ့တဲ့နေရာ

မလွယ်ဘူးဆိုတာ
ကြုံဖူးမှ သိခဲ့ရတာပါ

ဆုံဖူးခဲ့တဲ့ ဒီတစ်ခါသာ
အယုံအကြည် လွယ်ခဲ့မိလို့
ခုထိ ပြုစားခံနေဆဲပါ

အဆုံးအစွန်ထိ ခွင့်လွှတ်ခဲ့တယ်
ပြီးတော့ ခုထိငါ
ယုံယုံကြည်ကြည် ကိုးစားခဲ့ကာမှ
ဆုံးရှုံးမှုတွေ ရင်မှာပိုက်လို့
မင်းကို လျစ်လျူရှုကာ နေရမှာလားကွယ် ?

0 comments:

beauti girl