3/16/2008

ယုံတယ်ဆိုရင်ပေါ့

စကန့်တွေမလပ်
အချိန်တွေမှတ်လည်း
ဝေးခဲ့ကြတာ ပြကဒိန်တစ်ခုတောင်
ဟောင်းခဲ့ပါပြီ
နယ်တွေရယ်ခြား တောင်တွေကတား
လမ်းတွေကများ တာဝန်တစ်ခုလား
ဆိုတဲ့အတွေးများ မင်းရင်ထဲမှာ
စွဲမှတ်ပါ့မလား

နေညိုချိန်ဟာ
ဒို့နှစ်ယောက်ရဲ့ အမှတ်တရတွေလား
အဖြစ်အပျက်တွေဟာ
မနေ့ကလိုပါဘဲ
မင်းသိမှာပါ
ပန်းမြို့ရဲ့ရေကြည်ကန်လေးမှာပေါ့ ။

0 comments:

beauti girl