
Myspace I Miss You Graphics
နေချင်တာနင့် အနားမှာမို့ 
သေရင်တောင်ပစ်မသွားပါနဲ့ 
လွမ်းရမှာကြောက်တယ်
ခဲနေတဲ့အိပ်မက်တွေအတွက်
မျှော်လင့်ချက်နည်းနည်းပေးပါဦး
ရူးရမှာကြောက်တယ်
မသိနိုင်လွန်းတဲ့ နင်က
ချစ်နိုင်လွန်းငါ့အတွက်
အပြုံးတချက်တော့ချီးမြှင့်ပါ
မုန်းမိမှာကြောက်တယ်.....
တကယ်တမ်း လွမ်းရရင်
ငါ့နှလုံးသားကြမ်းပြင်မှာ
ထစ်ချုန်းမိုးလို စိုကာရွှဲသွားပေမယ့်
တဒင်္ဂလေးလို့ မထင်လိုက်ပါနဲ့
တစ်သက်လုံးလွမ်းရမှာ စိုးတယ် ---
Posted by kyawzawehan at 1:28 AM 1 comments