12/15/2009

ဆုံးရှုံးခဲ့တဲ့နေရာ

မလွယ်ဘူးဆိုတာ
ကြုံဖူးမှ သိခဲ့ရတာပါ

ဆုံဖူးခဲ့တဲ့ ဒီတစ်ခါသာ
အယုံအကြည် လွယ်ခဲ့မိလို့
ခုထိ ပြုစားခံနေဆဲပါ

အဆုံးအစွန်ထိ ခွင့်လွှတ်ခဲ့တယ်
ပြီးတော့ ခုထိငါ
ယုံယုံကြည်ကြည် ကိုးစားခဲ့ကာမှ
ဆုံးရှုံးမှုတွေ ရင်မှာပိုက်လို့
မင်းကို လျစ်လျူရှုကာ နေရမှာလားကွယ် ?

လွမ်းသစာ

အေးမြတဲ့ ဆောင်းညခါဝယ်
တွေးရဆဲ အဆွေးညကဗျာရယ်

တစ်သက်မှ တစ်ခါသာ
ချစ်ခဲ့တာပါ -

ဝေး ဝေး လို့ နေရတာ
ခဏပါ တမြေစီသာ ခြားနေလည်း
တမ်းတလို့ လွမ်းရညတွေ
မေ့မရတဲ့ မင်းတစ်ယောက်သာ

အချိန်တွေရယ် ပြောင်း
ရာသီတွေ နှောင်းခဲ့ရင်တောင်
ရင်မှာ မပြောင်းခဲ့ပါမေ ။

အဲဒီည

တိတ်တဆိတ် အိမ်မက်တွေကြား
စိတ်စိတ်မွှာ အသဲကို ခြစားသွားတယ်

မဖြေဘူးဆိုးပေမယ့်
အသေမူးခဲ့တဲ့ညဟာ
ချစ်စူး စူးခဲ့ရတဲ့ဘဝ

မမှိတ်မသုန်နဲ့ ကျိတ်ယုံခဲ့တဲ့ငါ
စိတ်ကုန်ထင်မယ့် လိုက်ခုန်ဆဲသာ
တစ်ထောင့်တစ်ညရဲ့ ဆွေးမျက်နှာ ။

6/22/2009

ဆန္ဒတစ်စုံ

စိတ်စဉ်မှာစွဲလမ်း
အရိပ်ပမာများလို ကပ်ပါး
တကယ်တော့
မင်းက ငါ့ရဲ့
ထာဝရ နတ်သမီးတစ်ပါး

ပျော်ရွှင်ခဲ့တဲ့ အတိတ်တွေ
အိမ်မက်ချို ဖြစ်ပါစေ
နောင်လာမဲ့ အနာဂတ်မှာရောပေါ့

ခုချိန်
တနယ်စီတွေခြားလို့
မိုင်တိုင်တွေ အလှမ်းကွာနေလည်း
တကယ်တော့
မင်းက ငါ့ရဲ့
ထာဝရ အလှနတ်ဘုရားပါ

ဖြစ်နိုင်ရင်
ငါတို့အချစ်တွေ
ဒီတစ်သက် ခိုင်မြဲချင်တာ
ရင်ထဲက ဆနတစ်ခုပါ ။

6/15/2009

အတိတ်က ပန်းတပွင့်


ခဏတာသာ
အပျော်တွဲ ရှာသူကိုမှ
တစ်ဘ၀စာ မက
ရည်ရွယ်ချစ်မိတဲ့သူ

အပြောတွေမှာ မျှောခဲ့မိတော့
ကြားခဲ့ဖူးတဲ့ အရင်က သူ့ဇာတ်လမ်းတွေ
ပြေခေါက်လို့

images

နွမ်းရမှာ သိရက်နဲ့
သူ့လက်ဖ၀ါးလေးကို တယုတယနမ်း
ရော် – အခုတော့ ငါ
လွမ်းခဲ့ရပြီပေါ့ ။
အတိတ်ဇာတ်လမ်းတွေ
သစ္စာစကားနဲ့ လန်းလာရင်
ဘ၀မှာ ပန်းပွင့်တိုင်း
ငါ နမ်းလို့ရပြီ ချစ်သူ ။

အခုတော့ ငါ
ရူးသွပ်သူပေါ့ ———- ။

သူ

ဝေးနေကာမှ
အတွေးရယ်က
ဆိုးရွားလာတာ ကြည့် ။

တကယ်ဆို
ဝိုးတ၀ါးနဲ့ ဖြတ်သန်းခဲ့ရညတွေကို
သူ မသိပါဘူး –

ပြီးတော့ ငါ
ရိုးသားတဲ့ ရင်ခုန်သံတွေနဲ့
ချစ်ခဲ့သူမှာတော့
အခု အရူးကြီးလိုပါဘဲ

ဇာတ်လမ်းရဲ့ အဆုံးမှာ
ငါရှုံးမယ်ဆိုတာ သိရက်နဲ့
သူ့ ဟန်ဆောင်အပြုံးတွေကိုပဲ
ငါ လွမ်းတက်လာခဲ့

ရုန်းမထွက်နိုင်တဲ့ မာယာတောမှာ
မှော်ဝင်သလို ခုန်မင်နေဆဲပါ ။

တွေးမိတဲ့အလွမ်း

တစ်နေ့တစ်ချိန် ပေါင်းဆုံရမယ်လို့
ယုံကြည်လက်ခံထားခဲ့ကြတဲ့
ဒို့နှစ်ယောက်

တကယ်ဆို ဇာတ်လမ်းကို
လက်ကမ်းခဲ့သူက အလွမ်းနဲ့ဘ၀ကို
ကုစားနေရသူ –

တစ်ချိန်
ချစ်ကာစ ဖြစ်ကာစချိန်တွေ
ပျော်ရွှင်မှုဆိုတာ အတိုင်းမသိခဲ့

ခုတော့ ထစ်ကနဲ
လစ်ဟာသွားကာမှ ပစ်ကာ ပြေးသွားခဲ့ပေါ့
ချစ်ခဲ့ရာမှာ အနှစ်တွေ မပါတော့
ငါ့ကို အပြစ်တွေ မြင်နေပြီပေါ့

မစခဲ့တာ ငါ အလှကြည့်ချင်လို့ပါ
အဆုံးမှာ ရှုံးမယ်ဆိုတာ ကြိုသိရင်
ငါ လန်းပါ့မလား

အခုတော့
ငါလွမ်းနေရတာလည်း
မဆန်းတော့ပါဘူးကွယ် ။

beauti girl