12/26/2008

ဝေးသွားမှ

နှုတ်ဆက်ခဲ့ပြီ
တကယ်ဝေးရင်
ကြင်နာခဲ့တာ တွေးပြီး
နှစ်သိမ့်နေမှာပါ

တစ်ချိန်ချိန်မှာ လည်ပြန်လို့
အတွေးမှာ ခဏရှိရင်တောင်
ငါကျေနပ်မိမှာပါ

အိမ်မက်လို့တော့
မပြောသွားပါနဲ့
ငါ အနေအထိုင် ခက်လို့ပါ

သိုဝှက်အချစ်

အခုတော့ ငါ
အကြင်နာတွေ သိုဝှက်ခဲ့ပြီ

ရင်ခုန်သံတွေ မြန်ပေမယ့်
တစ်စုံတစ်ရာကို စိုးရိမ်မိတယ်

အပြင်ပန်းမှာ ခင်ပေမယ့်
ရင်ထဲမှာအမြဲ
တိတ်တိတ်လေးလည်း
ကြိတ်ပိုးရဆဲ ။

ကြေညာမောင်းခတ်ချင်ပေမယ့်
အမြင်တွေ ပြောင်းသွားမှာ စိုးတယ်

တကယ်တော့
မကြေညာရဲပေမယ့်
ငါ့ရဲ့အိမ်မက်တွေမှာ မင်းပါ။

12/14/2008

ကြယ်စင်ထက်က နတ်သမီး

ထွန်းလင်းတောက်ပ
လရောင်အောက်က ငါ့နတ်သမီး
ကြယ်တွေကို ဆွတ်ခူး
တစ်ခါက
လက်ဆောင်တောင် ပေးခဲ့ဖူးရဲ့ ။

တကယ် တကယ်
ပျော်စရာတွေပြည့်နှက်
ယုံရခက်ခက် ပုံပြင်တွေထက်
ရင်တွေခုန်နေခဲ့တဲ့ ငါ

အခုတော့
လရောင်ကတိတ်
ကြယ်တွေလည်းအိပ်ခဲ့
ပုံပြောကောင်းတဲ့ နတ်သမီးနဲ့ငါ
ဘယ်သောအခါမျှ
ပြန်ဆုံခွင့်ရမည်နည်း

12/12/2008

ဆူးလေး

တန်ဖိုးထားခဲ့တယ်
အရာတွေအားလုံးထက်ပေါ့

တွယ်တာခဲ့တယ်
ဖြတ်မရတဲ့ သံယောဇဉ်တွေနဲ့

စိတ်ကူးတောင် ယဉ်ခဲ့ဖူးတယ်
အရိုးဆွေးတဲ့ထိ ပေါင်းရမယ်လို့

အခုတော့
ရူးခဲ့သမျှ အချစ်ဆိုတာ
ဆူးမှန်းသိတော့တယ်

တကယ်
ဆူးမှန်းသိရက်နဲ့
မနုတ်ရက်ခဲ့တဲ့ ငါ့အပြစ်
ရင့်မာမှ ခွဲရမယ်ဆိုရင်
နောင်တဆိုတာကိုတော့
ငါ အမုန်းဆုံးဘဲ

12/10/2008

ဝေးသွားမှ

နှုတ်ဆက်ခဲ့ပြီ
တကယ်ဝေးရင်
ကြင်နာခဲ့တာ တွေးပြီး
နှစ်သိမ့်နေမှာပါ

တစ်ချိန်ချိန်မှာ လည်ပြန်လို့
အတွေးမှာ ခဏရှိရင်တောင်
ငါကျေနပ်မိမှာပါ

အိမ်မက်လို့တော့
မပြောသွားပါနဲ့
ငါ အနေအထိုင် ခက်လို့ပါ

12/02/2008

ချန်ထားရစ်သူ

ကိုစခဲ့တဲ့ ဇာတ်လမ်း
အလွမ်းခန်းရောက်မယ်ဆိုတာ မသိခဲ့

တွယ်တာစိတ်နဲ့
တကယ်ကြိတ်ရူးခဲ့ရတာ ငါပါ

အခုတော့
အနမ်းတစ်စက်နဲ့
အလွမ်းတစ်သက် ဖြစ်ခဲ့ရပြီပေါ့

သံယောဇဉ် အမျှင်တန်း
အပြင်ပန်းမှာ ပျော်ခဲ့သမျှ
ရင်ထဲမှာတော့
တကယ်လွမ်းနေပြီ မိန်းခလေး ။

ပြန်လည်တမ်းတခြင်း

ကျန်ခဲ့ပေမယ့်
လည်ပြန်ကာ ငေးကြည့်မိဆဲပါ

ကောင်းကင်ပြာပြာကြီးနဲ့
ယောင်ယမ်းပြီး တမ်းတ
အကျွမ်းတ၀င်ရှိခဲ့တဲ့မြို့
အဝေးမှာတော့ မှုန်ဝါးဝါး

တစ်ညတစ်ည ခဏခဏတော့
လွမ်းမိပါရဲ့
ကျန်ခဲ့တဲ့ ၂၀၀၇
မောင့်ရင်မှာ တမ်းတလျက်ပေါ့
ဒီဇင်ဘာရဲ့ အနမ်းနဲ့
ကြင်နာတာတွေထားခဲ့ပြီး
အခုတော့
သစ္စာမရှိဘူးလို့ ထင်နေပြီလား

လှပတဲ့နှင်းမြို့မှာ
အထီးကျန်ဆန်နေခဲ့တဲ့
ချစ်သူ ------------
တကယ်တော့ မင်းမုန်းသွားတာ
မောင် အပြစ်မတင်ရက်ပါဘူး

ဒါပေမယ့်လေ
ဒီဇင်ဘာရောက်တိုင်းတော့
မောင့်ကို လွမ်းခွင့်ပေးပါ






beauti girl