8/21/2008

အဝေးမှာ

မရနိုင်တဲ့ လမင်းကြီးကိုမှ
ပိုင်ဆိုင်ချင်မိတာ မှားသွားလား ?

ပြီးတော့
လက်လှမ်းမမှီတဲ့ ပင်မြင့်သဇင်ကို
တမ်းတမိတာ အပြစ်တစ်ခုလား ?

တကယ်ဆိုရင်
နယူတန်ရဲ့ သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုဆိုတာ ရှိကြစမြဲပါ။

ဒါပေမယ့်
မင်းအတွက်တော့ ဒို့တစ်ယောက်
ခလုတ်တစ်ခုဖြစ်နေရင်တောင်မှ
တိတ်တခိုးနဲ့ ချစ်နေဆဲပါ။

မိန်းခလေး

မိန်းခလေးရေ
မင်းနှုတ်ခမ်းမှာ
ဘာရောင်မှ ချယ်မထားလည်း
နီဆွေးဆွေးနှုတ်ခမ်းပိုင်ရှင်ပါ ။

ဒါပေမယ့်လည်း
မင်းရဲ့ ပန်းနီရောင်ပါးပြင်တစ်စုံမှာ
သူတစ်းပါးရဲ့ ချစ်သင်္ကေတတွေ
စွန်းထင်းနေတယ်ဆိုတာ
ဒို့သိနေဆဲပါ ။

တကယ်တော့
လှပတဲ့ မင်းဘ၀မှာ
ဖြူစင်တဲ့ နှလုံးသားကော
ပိုင်ဆိုင်ထားတုန်းလားလို့ ?
ဒို့ မမေးရက်ခဲ့ပါဘူး ။

ဒို့ဘ၀ရဲ့အကြောင်းကြောင့်
မကြေညာရဲပေမယ့်
ရင်မှာစွဲနေတဲ့ မင်းကိုတော့
တိတ်တခိုး ချစ်နေဆဲပါ ။

8/19/2008

Free Blogger Skins: Dream Light Blogger XML Skin

Free Blogger Skins: Dream Light Blogger XML Skin

8/14/2008

်failure

မချိုမချင် ငါသာဘုရင်ဆိုရင်
မင်းဘ၀ထဲကို ဘယ်တော့ဆို
ဘယ်တော့မှ ၀င်လာဖြစ်မှာမဟုတ်ဘူး
ပြီးတော့ ပြီးတော့
ထပ်ပြောရအုံးမယ်
တွေ့ကြုံဆုံခဏတဲ့
မင်းဘက်က ပြတ်သားနေမှတော့
ငါ့ဘ၀လည်း ထပ်မှားစရာတွေ
မလိုတော့ဘူးပေါ့
ငါ့မှာဆိုလို့
မင်းမရှိပေမယ့်လည်း
အလွမ်းခါးခါးညတွေမှာ
လမ်းမှားမှားပြီး လျှောက်သွားလို့
ရပါသေးတယ်ကွာ
ဘယ်တော့မှလည်း ပြန်မလာနဲ့
ငါဘ၀ ဘယ်အခြေအနေဘဲ ရောက်နေရောက်နေ
ဒါပေမယ့် မင်းအတွက်
ကြုံတုန်းပေးလိုက်မယ်
ရေစီးတစ်ခါ ရေသာတစ်လှည့် ဆိုတာတော့
ဘယ်တော့မှ မမေ့စေချင်ဘူး မိန်းကလေး



8/12/2008

ထပ်ဝေးခဲ့ရင်

မင်းမို့လို့ကွာ
လွမ်းတာချင်းအတူတူ
မင်းကျမှ ထူးခြားနေပါလားတဲ့
ယုယမှုကို ခံစားတက်တာကြောင်ဆိုရင်
သစာရှိတဲ့ခွေးကလေးတွေကို
မင်းမေ့ရက်ခဲ့ပြီလား
လွတ်နေတဲ့ငါ့နှလုံးသားမှာ
ဆုတ်ချက်တစ်ချက်သွေးသွားပြီးမှ
ပြုံးပြုံးလေးနဲ့သာ ထွက်သွားရက်တယ်လို့
ကျန်ခဲ့သူကို ရင်ထဲမှာ ပူပါစေဆိုပြီး
မင်းငါ့ကို ထားထားသွားတာလား
ငါက တကယ်ဆို
မင်းအတွက် ဖြစ်ချင်ခဲ့တာပါ
တစ်ခါတစ်လေဆို ၀မ်းနည်းတက်ခဲ့တော့
ယောင်္ကျားဆိုတာကိုတောင် မေ့မေ့သွားတယ်
တကယ်လို့များ
မင်းနဲ့ထပ်ဝေးရအုံးမယ်ဆိုရင်တောင်
ငါ ဘယ်တော့မျှ အပြစ်မမြင်ရက်ပါဘူး
ဘာကြောင့်လဲဆိုရင်
မင်းမှ ငါ့ကို မချစ်တော့တာ
တမ်းတနေလည်း အပိုဘဲမဟုတ်လား

8/07/2008

နှင့်းရဲ့အမှတ်တရ



ပူးနွေးသော နွေရာသီ
ညနေခင်းမှာ
ဖြောင့်ဖြူးသောလမ်းမများ

ဒို့နှစ်ယောက်အတူ လျှောက်လှမ်းခဲ့
အသစ်စက်စက် ဒို့နှလုံးသားမှာ
နေရာယူခဲ့တယ်
ဒို့က ပျော့ညံ့လွန်းသူပါ
နှလုံးသားက ပြောသမျှ နှုတ်ဖျားက ဆင်ဆာဖြတ်
နှမျောစရာကောင်းတဲ့ ထိုညနေခင်း
နှောင်ကြိုးတစ်ကြိုးထဲမှာ နှစ်ကိုယ်ခွဲ`က´နေရတဲ့ ညီမ
ဘယ်သောအခါမျှ
နှလုံးသားရဲ့ ပစ်မှတ်ကို ရောက်မည်နည်း

ဆုတောင်းခဲ့ရင်

ဆုတောင်းခဲ့ရင်

တစ်ချိန်က

တစ်ချိန်က

အကယ်၍

အကယ်၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့  ၀ိုင်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့  ရင်ဆိုင်နိုင်မယ်ဆိုရင်..

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့ 
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်

အကယ်၍
စောင့်သင့်တဲ့ အချိန်ကိုစောင့်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်

ဒါမှမဟုတ်
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေပဲ
စိတ်ကူးနိုင်မယ်ဆိုရင်

ပြီးတော့
အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက် သက်သက်သာ မဖြစ်စေပဲ
တွေးခေါ်နိုင်မယ်ဆိုရင်

အကယ်၍
အောင်မြင်မှု သုခနဲ့  ဆုံးရှုံးမှုသောကတွေကို ကြုံတွေ့ ရတဲ့အခါ
တူသော လောကဓံတွေပါလားရယ်လို့ 
ခံယူထားနိုင်မယ်ဆိုရင်

အကယ်၍
မင်းရဲ့  အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့  နာကြားနိုင်မယ်ဆိုရင်

အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့  ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံရပြီးနောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့ 
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့် ကြွက်တစ်ခုန်ပမာ
တလှည့်တစ်ခါတည်းနဲ့  ဆုံးသွားခဲ့ရင်

ပြီးတော့
အစကနေ ပြန်စရမယ်ဆိုရင်

ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကံကြမ္မာရယ်လို့ 
ဘယ်သောအခါမှ ညည်းငြူမနေဘူးဆိုရင်

အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့ 
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ ပဲ
အားနဲ့ မာန်နဲ့  ဇွဲသတ္တိရှိရှိ
ဆက်ကြိုးစားနိုင်မယ်ဆိုရင်

အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ 
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီ စိတ်အင်အားကို ခိုင်မာစွာနဲ့ ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင်

အကယ်၍
လူတွေနဲ့  ထိတွေ့ ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်

ဒါမှမဟုတ်
မင်းဧကရောဇ်တွေနဲ့ အတူ လမ်းလျှောက်နေရပေမယ့်
မာန်မာနသွေး မကြွဘူးဆိုရင်

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ် ထားမနေဘူးဆိုရင်

အကယ်၍
တိုတောင်းပြီး မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့် ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်

ငါ့သားရေ... မင်းဟာ
အရာရာဖြစ်တဲ့ လောက ကမ္ဘာကြီးကိုဆုပ်ကိုင်လို့ 
အရာရာ ဘာမဆို မင်းစွမ်းပြီပေါ့
အဲဒီတော့ မင်းဟာလည်း
ယောင်္ကျားကောင်းတစ်ယောက်ပဲပေါ့.. .။

beauti girl